Friday, July 13, 2012

‘သမ္မတကြီးကို ယုံတယ်’ နှင့် မြန်မာ့အရေး တောင်တောင်အီအီ တွေးဖြစ် တောဖြစ် စဉ်းစားဖြစ်သည်များ (၁)

‘သမ္မတကြီးကို ယုံတယ်’ နှင့် မြန်မာ့အရေး တောင်တောင်အီအီ တွေးဖြစ် တောဖြစ် စဉ်းစားဖြစ်သည်များ (၁)
ဒေါက်တာလွဏ်းဆွေ

အခုခေတ်စားနေတဲ့ “သမ္မတကြီးကို ယုံတယ်” ဆိုတဲ့ စကားကို မျက်စိမှိတ် နှာခေါင်းပိတ်ပြီးတော့ပဲ ထောက်ခံထောက်ခံ၊ မယုံဘူးဟေ့လို့ ဖင်ပိတ်ပြီးတော့ပဲ ငြင်းငြင်း လက်ရှိ မြန်မာနိုင်ငံကို အစိုးရနှစ်ရပ် အုပ်ချုပ်နေတာကတော့ အသေအချာပါပဲ။ ဘယ်လို အစိုးရနှစ်ရပ် အုပ်ချုပ်နေတာလဲဆိုတော့ …

(၁) ဦးသိန်းစိန် ဦးဆောင်တဲ့ ရှေ့ထွက် ကြံ့ဖွံ့အရပ်သားအစိုးရ (ရုပ်သေးအစိုးရ) နဲ့
(၂) ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ ညွှန်ကြားမှုအောက်မှာရှိပြီး ကြံ့ဖွံ့အစိုးရကို နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်နေတဲ့ ကာလုံ (ရှဲဒိုးစစ်အစိုးရ) တို့ … အုပ်ချုပ်နေတာပဲ ဖြစ်ပါတယ်။

ခပ်တိုတိုပြောရင်တော့ ရုပ်သေးအရပ်သားအစိုးရနဲ့ ရှဲဒိုးစစ်အစိုးရတို့ အုပ်ချုပ်နေတယ်ပေါ့ခင်ဗျာ။

ဘယ်လိုအချက်တွေကို ကြည့်ရင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်မလဲဆိုတော့ …

(၁) အကျဉ်းသား လွှတ်ပုံလွှတ်နည်း

အစိုးရသစ် မည်သည်တို့ရဲ့ ထုံးတမ်းအစဉ်အလာအတိုင်းဆိုရင် တိုင်းသူပြည်သားအားလုံး ၀မ်းမြောက်ပျော်ရွှင်ကြစေသတည်းဆိုပြီး ယခင်အစိုးရဟောင်းလက်ထက်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ (နိုင်ငံရေးအကျဉ်းသားတွေ အပါအ၀င်) အကျဉ်းသားအားလုံးကို သမ္မတသစ်ရဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ လွှတ်ပေးကြစမြဲ (ထောင်ခါစမြဲ) ပါ။ ဦးသိန်းစိန်အနေနဲ့ အဲသလို လွှတ်မပေးရဲဘဲ အလီလီ စိစစ်ပြီး ခွဲလွှတ်နေရပုံကို ထောက်ရင် နောက်ကွယ်က ကြိုးကိုင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ ဦးဆောင်တဲ့ ရှဲဒိုးစစ်အစိုးရ (ကာလုံ) ရဲ့ အစီအမံအတိုင်း လွှတ်နေရတယ်ဆိုတာ သေချာပါတယ်။ နောက်ကွယ်က ဦးသန်းရွှေတို့အနေနဲ့ သူတို့စစ်အုပ်စုအပေါ် ပိတ်ဆို့ထားတာတွေ ဖြေလျှော့ပေးအောင် နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးအရ ပြန်ပေးဆွဲထားသလိုမျိုး နိုင်ငံတကာကို သွေးတိုးစမ်း အလဲအလှယ်လုပ်တဲ့ နိုင်ငံရေးကစားတဲ့နည်းနဲ့ လွှတ်ပေးခိုင်းနေတာပေါ့။ ဒီလို တဘက်သား (ပြည်သူလူထု၊ ဒီမိုကရေစီအင်အားစုများနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်း) မခံချိမခံသာဖြစ်အောင် အလီလီ ဈေးဆစ်ပုံမျိုးနဲ့ လုပ်တတ်တဲ့အကျင့်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဆီမှာရှိတဲ့ အရိုးစွဲနေပုံရတဲ့ ဆိုက်ကိုတခုပါ။ အဲဒီလို ဦးသန်းရွှေ အလိုအတိုင်း အကျဉ်းသားတွေကို လွှတ်ပေးနေရတဲ့အတွက် ဦသိန်းစိန်ဟာ အစိုးရသစ်တရပ်ရဲ့ သမ္မသစ်ဆိုတာကို ယုံရခက်စေပါတယ်။

(၂) ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ပုံပြန်ခေါ်နည်း

ဦးသိန်းစိန်အနေနဲ့ ပုံစံအမျိုးမျိုးနဲ့ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဒီဂရီ တိတိကျကျ ထုတ်ပြန်ပြီး ပြန်မခေါ်ရဲဘဲ ပါးစပ်ကနေပဲ ပြန်လာပါ ပြန်လာပါနဲ့ ခွဲခြားစိစစ်ပြီး ပြန်ခေါ်နေပုံကို ထောက်ချင့်ရင်လည်း ဦးသိန်းစိန်ကို နောက်ကွယ်ကနေ ကြိုးကိုင်စေခိုင်းနေတဲ့ ရှဲဒိုစစ်အစိုးရဟာ ပြည်ပရောက် နိုင်ငံသားတွေအားလုံးအပေါ် တန်းတူရည်တူ ခွင့်မလွှတ်နိုင်၊ သဘောထားမကြီးနိုင်သေးဘူးဆိုတာ သေချာနေတယ်။ နောက်တခုဖြစ်နိုင်တာက နောက်ကွယ်က စစ်အုပ်စုအနေနဲ့ တိုင်းသူပြည်သားတွေအပေါ် စစ်ရာဇ၀တ်မှုမျိုးစုံ ကျူးလွန်ထားခဲ့သူတွေဆိုတော့ လူစုံတက်စုံ ပြန်ပေးဝင်ပြီး မထိန်းနိုင်မသိမ်းနိုင်ဖြစ်ရင် သူတို့ ပြစ်ဒဏ်ပြန်အကျခံရမှာကို အစိုးရိမ်လွန် အကြောက်ကြီးနေတာ (ကိုယ့်လိပ်ပြာကိုယ်လန့်နေတာ) လည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်မို့လည်း ငြိမ်းချမ်းရေးအောင်သွယ်တော် ဦးအောင်မင်းဆီက “သမ္မတကြီးက ပြန်လာဖို့ ခေါ်ခိုင်းလို့ ကျနော်ကိုယ်တိုင် လာခေါ်တာပါ” လို့ အလုပ်မရှိ အလုပ်ရှာစကားမျိုး ထွက်လာတာပေါ့။ မဲဆောက် မယ်တော်ဆေးခန်းမှာ ဦးအောင်မင်း အဲသလို ပြုံးဖြီးဖြီးကြီး ပြောသွားတာကို ကြားလိုက်ရတာ တော်တော့်ကို ရယ်ချင်စရာ …။ အားလုံးပြန်လာစေချင်ရင် သဘောထားကြီးကြီးနဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်လိုက် ပြီးနေတာပဲဥစ္စာ …။ ရှင်းနေတာကို ရှုပ်အောင်လုပ်နေပုံများ … ပြည်ပရောက် နိုင်ငံသားတွေအားလုံးအပေါ် တန်းတူစေတနာမထားနိုင်သေးတာ၊ ခွင့်မလွှတ်နိုင် (အငြှိုးကြီးနေ) သေးတာ အတော့်ကို ပေါ်လွင်နေပါတယ် (အပေါ်မှာပြောခဲ့သလို အကြောက်လွန်ရောဂါ စွဲကပ်နေတာလည်း ဖြစ်နိုင်ပါတယ်)။

(၃) အတိုက်အခံ နိုင်ငံရေး၊ လူမှုရေး ခေါင်းဆောင်ပိုင်းတွေကို နှိပ်ကွပ်ပုံနှိပ်ကွပ်နည်း

အရပ်သားအစိုးရဖြစ်ပြီဆိုတော့ နိုင်ငံတကာကို အပြကောင်းအောင် နိုင်ငံရေးအရ လွတ်လပ်ခွင့်အချို့ မပေးချင်ပေးချင် ပေးထားရပေမယ့် အရှင်ဂမ္ဘီရနဲ့ ရွှေည၀ါဆရာတော်တို့ကို အရေးယူပုံ၊ မန္တလေးမှာ လျှပ်စစ်မီးဆန္ဒပြသူတွေကို ခေါ်ယူစစ်မေးပုံနဲ့ အခုနောက်ဆုံး ဗကသ ကျောင်းသားခေါင်းဆောင်တွေကို ဆဲဗင်းဂျူလိုင်မတိုင်မီ နေရာအနှံ့ ဖမ်းဆီးထိန်းသိမ်းပုံတွေကို ကြည့်ရင် အရင်စစ်အစိုးရတွေရဲ့ လုပ်ပုံလုပ်နည်းတွေအတိုင်း နောက်ကွယ်က လက်မဲကြီး (ကာလုံ) ရဲ့စနက်တွေ ပါနေတယ်၊ အတိုင်းအတာတခုရောက်ရင် စစ်ဘီလူးအစွယ်တွေ ထွက်ထွက်လာနေတယ် ဆိုတာကို ရှင်းလင်းလင်း သိမြင်နိုင်ပါတယ်။ နိုင်ငံရေးသမားတွေ၊ လူမှုရေးသမားတွေ သူတို့ခွင့်ပြုထားတဲ့ အတိုင်းအတာထဲမှာ ပါးစပ်ပိတ်ပြီး တေမိလိုမနေဘဲ ထောင်ထောင် ထောင်ထောင်လုပ်ရင်၊ စစ်အုပ်စုရဲ့ လက်ကိုင်တုတ် အာဏာပိုင်အဆင့်ဆင့်ကို အာခံရင် နာမယ်လို့ အချက်ပြလိုက်ခြင်းပါပဲ။

(၄) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးလုပ်ပုံလုပ်နည်း

UWSA၊ RCSS/SSA နဲ့ KNU … … တို့လို (ကြံ့ဖွတ်အစိုးရစစ်တပ်က စစ်ရေးအရ အတိုင်းအတာတခုအထိ သူတို့ကို အန်တုနိုင်တယ်လို့ အသိအမှတ်ပြုထားပုံရတဲ့) လက်နက်ကိုင်အဖွဲ့အစည်းကြီးတွေသာမက ကျန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်း အသေးအဖွဲအားလုံးနဲ့ နိုင်ငံရေးအဖွဲ့အစည်း ဘုစုခရုတွေကိုပါ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးတွေ အူယားဖားယား လိုက်လုပ်ပြီး ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ယူ မှတ်တမ်းတင်နေပေမယ့် KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့ကိုကျတော့ သမ္မတက ရပ်ပါတော့ ဆိုတာတောင် ဆက်တိုက်နေတာကို ကြည့်ရင် နောက်ကွယ်က ကြိုးကိုင်နေတဲ့ စစ်အုပ်စု (ကာလုံ) ရဲ့လက်တံ ငေါငေါကြီး ထွက်နေတာကို မှန်းဆနိုင်ပါတယ်။ သမ္မတတယောက်လုံး အမိန့်ပေးတာတောင် အမိန့်မနာခံတဲ့ စစ်တပ်အတွက် ဦးသိန်းစိန်လည်း တော်တော် အရှက်ရနေမယ်ဆိုတာ အဝေးကနေ စာနာမိပါရဲ့။ သူလည်း မစွမ်းသာလို့နေမှာ … လို့ပဲ နှလုံးသွင်းလိုက်ရတယ်။

(၅) ဒီပဲယင်းအရေးအခင်းလို ရခိုင်ပြည်နယ် တောင်ကုတ်မှာ လူ ၁၀ ဦးကို လက်သည်မပေါ်ဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခိုင်းမှု

ရခိုင်မှာဖြစ်တဲ့ ပထမအဆင့် မောင်တောဖြစ်စဉ်မှာ မသီတာထွေးကို မုဒိမ်းကျင့်မှုကတော့ ကြံ့ဖွံ့အစိုးရ ဖမ်းဆီးပြသူ ၃ ဦးက သွေးရိုးသားရိုး သူတို့ဆန္ဒနဲ့သူတို့ ပြစ်မှုကျူးလွန်တာ ဖြစ်နိုင်သလို (လျှပ်စစ်မီးဆန္ဒပြမှု၊ အလုပ်သမား၊ လယ်သမား ဆန္ဒပြမှုတွေ၊ ကချင်အရေးတွေအပေါ် ပြည်သူတွေ အာရုံပြောင်းအောင်) ကုလား-ဗမာ အဓိကရုဏ်းမျိုး ဖန်တီးလိုတဲ့ ကြံ့ဖွံ့အစိုးရနောက်ကွယ်မှာရှိတဲ့ ရှဲဒိုးစစ်အစိုးရထဲက အကြံပက်စက်သူတချို့ရဲ့ မဆင်မခြင် ငွေပေးခိုင်းစေမှု မဟုတ်ဘူးလို့လည်း ဘယ်သူမှ ယတိပြတ် ပြောနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရားစီရင်ရေးစနစ်က ရှဲဒိုးစစ်အစိုးရရဲ့ သေနတ်ပြောင်းအောက်မှာပဲ ရှိနေတုန်းဆိုတော့ ဘယ်သူမှ အမှန်တရားကို သိနိုင်ဖို့ မလွယ်ကူလှလို့ပါ။ ဒီကြားထဲ ဖမ်းထားတဲ့ ၃ ဦးထဲက တယောက်က ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်ဆိုတော့ ပိုပြီးတော့ သံသယဖြစ်စရာ …။ ထားလိုက်ပါတော့။ ပထမဖြစ်စဉ်ကတော့ ကြံ့ဖွံ့အစိုးရနောက်ကွယ်မှာရှိတဲ့ ရှဲဒိုးစစ်အစိုးရအဖွဲ့ဝင်တချို့ရဲ့ လက်ချက် ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ ၅၀-၅၀ ပဲ ဆိုပါတော့ …။

ဒါပေမယ့် ဒုတိယဖြစ်စဉ် တောင်ကုတ်မှာ လူ ၁၀ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကတော့ ဒီပဲယင်းအရေးအခင်းနဲ့ ပုံစံတူပါပဲ။ ဒီကနေ့အထိ လူအများရှေ့မှာ အချိန်ကြာမြင့်စွာ ရက်ရက်စက်စက် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးမမိသေးဘူးဆိုတာရယ်၊ တောင်ကုတ်မြို့ခံတွေကိုယ်တိုင်က ပြစ်မှုကျူးလွန်တဲ့အထဲမှာ တောင်ကုတ်က လူတွေ မတွေ့မိဘူးဆိုတာရယ်၊ ဟန်ပြစုံစမ်းစစ်ဆေးရေးကော်မတီထံ သက်သေအဖြစ် လာရောက်ထွက်ဆိုရဲသူ မရှိဘူးဆိုတာရယ်၊ ကြံ့ဖွံ့ပါတီက လူသတ်မှုကို လူသေမှုလို့ ပြောင်းပေးပါလို့ တောင်းဆိုတာရယ်ကို ထောက်ချင့်ရင် နောက်ကွယ်က ရှဲဒိုးစစ်အစိုးရရဲ့ အကျပ်ကိုင် ခြိမ်းခြောက် ခိုင်းစေထားမှုတွေကြောင့်ဆိုတာ ရာနှုန်းပြည့်နီးပါး သေချာနေပါတယ်။

ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂလီလူမျိုးတွေအကြား အဓိကရုဏ်းတွေ ဖြစ်ပွားလာတဲ့အခါမှာလည်း တွေးလို့ရတာက ကြံ့ဖွတ်စစ်အစိုးရက မိမိနိုင်ငံသား ရခိုင်တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးသယောင်ယောင်နဲ့ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီကို မဲမပေးဘဲ ရခိုင်ပါတီတွေကိုသာ မဲပေးခဲ့တဲ့ ရခိုင်တိုင်းရင်းသားပြည်သူတွေကို ခပ်ပါးပါးလေး သင်ခန်းစာပေးတာလည်း ဖြစ်နိုင်ပါတယ်။ ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို တကယ်တမ်း အကာအကွယ်ပေးချင်တယ်ဆိုရင် ရှစ်လေးလုံးတို့၊ ရွှေဝါရောင်တို့လို အရေးတော်ပုံကြီးတွေကိုတောင် လက်သံပြောင်ပြောင် နှိမ်နင်းခဲ့တဲ့ လုံခြုံရေးအင်အားမျိုး အပြည့်ရှိတဲ့ ကြံ့ဖွံ့အစိုးရအနေနဲ့ မနှိမ်နင်းနိုင်စရာ အကြောင်းမရှိပါဘူး။ ရိုးသားတဲ့ ရခိုင်တိုင်းရင်းသားပြည်သူတွေအမြင်မှာ ဇာတ်နာအောင် ဘင်္ဂလီတွေ မီးရှို့တာတွေကို စိမ်ပြေနပြေ လက်ပိုက်ကြည့်နေပြီးမှ ကယ်တင်ရှင်အထာနဲ့ မင်းသားဝင်လုပ်တဲ့ အပေါက်မျိုးကို ချိုးတာဖြစ်နိုင်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေကို ရခိုင်မှာ ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲရှုံးတာနဲ့ ပတ်သက်ပြီး သင်ခန်းစာလည်း ပေးလိုက်ရ၊ ရခိုင်တိုင်းရင်းသားတွေရဲ့ အမြင်မှာ ကယ်တင်ရှင်လို့လည်း အထင်ခံလိုက်ရ၊ တချက်ခုတ် နှစ်ချက်ပြတ် အမြတ်ရ ဆိုသလိုပေါ့။ သူတို့ ၀င်ထိန်းမှ ဆူပူအကြမ်းဖက်မှု ရပ်သွားသယောင်နဲ့ အမှန်က သူတို့ပဲ ဆူပူအကြမ်းဖက်နိုင်အောင် တမင် ဟပေးခဲ့တာဖြစ်ဖို့များပါတယ်။

တကယ်တော့ ဆူပူအကြမ်းဖက်တယ်ဆိုတဲ့ တရားမ၀င် ၀င်ရောက်လာသူ ဘင်္ဂလီတွေနဲ့ နိုင်ငံသားဖြစ်ပြီးသား ဘင်္ဂလီလူမျိုးတွေ အမြောက်အမြား ရှိနေတယ်ဆိုတာကလည်း စစ်အစိုးရအဆက်ဆက် အကျင့်ပျက်ခြစားမှုတွေ ဗွက်ပေါက်ခဲ့လို့ အခုလို ပိုပိုတိုးပွားနေတာမဟုတ်လား။ ဒါပေမယ့် ဒီလိုဝင်ရောက်ခွင့်ပေးထားတာကလည်း လူ့အခွင့်အရေးချိုးဖောက်ဖို့ ၀န်မလေးတတ်တဲ့ စစ်အုပ်စုအဆက်ဆက်အနေနဲ့ သူတို့ကိုင်တွယ်ချင်ရင် အချိန်မရွေး ကိုင်တွယ်နိုင်တယ်လို့ ယုံကြည်လို့ ခွင့်ပြုထားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာလို့ အဲဒီလို ပြောရတာလဲဆိုတော့ ဇာတိမြို့မှာ ကုလား-ဗမာအဓိကရုဏ်းဖြစ်ခဲ့တုန်းက စစ်အုပ်စုရဲ့ ဘာကိုမှ ဂရုမစိုက် အရှည်မတွေးဘဲ ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက် ကိုင်တွယ်ဖြေရှင်းခဲ့ပုံတွေကို အမှတ်ရပြီး ပြောတာပါ (ချစ်ခင်ရင်းစွဲရှိကြပြီးသား အပြစ်မဲ့ ပြည်သူတွေအကြား ဘာသာရေးအရ အမုန်းပွားမှုတွေ ပိုကြီးထွားမှာစိုးလို့ အကျယ်တ၀င့် မရေးပြတော့တာကို နားလည်ခွင့်လွှတ်ပေးပါ)။ အခုတော့ နောက်ကွယ်က ရှဲဒိုးစစ်အစိုးရအဖွဲ့ဝင် တချို့တချို့ရဲ့ စိတ်ထဲမှာ ရခိုင်ပြည်သူတွေ သူတို့ရဲ့ရုပ်သေးကြံ့ဖွံ့အစိုးရကို ကယ်တင်ရှင်အနေနဲ့ အကြီးအကျယ် ကျေးဇူးတင်နေပြီထင်ပြီး ၂၀၁၅ မှာတော့ ငါတို့ရဲ့ ရုပ်သေးကြံ့ဖွံ့ပါတီ မဲရချည်သေးရဲ့လို့များ စိတ်ကူးယဉ် ဒူးနှန့်နေလေမလား … …။

(၆) သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ထိန်းချုပ်ပုံထိန်းချုပ်နည်း

သတင်းမီဒီယာတွေကိုလည်း ပြီးခဲ့တဲ့ ဇွန်လကုန်မှာ စာပေစိစစ်ရေးပဲ အပြီးအပိုင် ဖြုတ်ပေးတော့မလို အငွေ့ရှူခိုင်းထားပြီး ဇွန်လကုန်လောက်မှာ ရခိုင်သတင်းဖော်ပြပုံ အကြောင်းပြချက်နဲ့ ပြန်ကြားရေးဝန်ကြီးရဲ့ လူယုံ လျှပ်တစ်ပြက် အယ်ဒီတာချုပ် ကိုမြတ်ခိုင်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက ဂျာနယ်ပိတ်၊ အရေးယူ၊ တရားစွဲ၊ ထောင်ချဖို့ လုပ်ပြ (အစွယ်ထုတ်ပြ) လိုက်တာကို ကြည့်ရင်လည်း နောက်ကွယ်က ကာလုံရဲ့လက်မဲကြီး ထွက်လာတာကို ရှင်းရှင်းကြီး မြင်နိုင်ပါတယ် (ကြည့်ရတာ ကိုမြတ်ခိုင်ကိုကျတော့ မီဒီယာကိစ္စဖြစ်ပေမယ့် ပြန်ကြားရေးဝန်ကြီး ဗိုလ်ကျော်ဆန်းရဲ့ လူယုံမို့ ဗိုလ်ကျော်ဆန်းကို မကိုင်တွယ်ခိုင်းဘဲ ဦးသန်းရွှေက သူ့လူယုံ ဦးမြင့်ဆွေကို ဘာမဆိုင် ညာမဆိုင် ၀င်ကိုင်တွယ်ခိုင်းလိုက်ပုံပေါ်တယ်။ နောက်တချက်က ရခိုင်အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင်လည်း ကာလုံစစ်အုပ်စုက မီးမွှေးစေခိုင်းတယ်ဆိုတာ မီဒီယာတွေပေါ်မှာ အထောက်အထားတွေ ပိုပိုပြီး ခိုင်လုံလာလို့ နောက်ကွယ်က စစ်အုပ်စု ရှက်ရမ်းရမ်းပြီး ရခိုင်အရေး သူတို့လက်ချက်မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးလူယုံ ကိုမြတ်ခိုင်ကိုတောင် မညှာဘူးနော် ဆိုတဲ့သဘော အပြစ်ရှာ အရေးယူပြလိုက်တာလည်း ဖြစ်နိုင်ပါတယ်)။

(၇) ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ သမ္မတမိန့်ခွန်းတွေ ဆင်ဆာအဖြတ်ခံရခြင်း

ဒီကိစ္စကလည်း လူသိရှင်းကြား ဖေ့စ်ဘွတ်ခ်မှာ ပျံ့ပွားပြီးသားမို့ အထူးတလည်း ပြောပြနေစရာမလိုပါဘူး။ ဒီလို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ သမ္မတဦးသိန်းစိန်တို့လို ထိပ်သီးနှစ်ဦးရဲ့ မိန့်ခွန်းတွေ နိုင်ငံပိုင်သတင်းစာမှာ ဆင်ဆာဖြတ်ခံထိတယ်ဆိုတော့ အဲသလို ဆင်ဆာဖြတ်ရဲတာ ပြန်ကြားရေးဝန်ကြီး ဗိုလ်ကျော်ဆန်း ဖြစ်နိုင်ပါ့မလား။ အားလုံးက တုန်နေအောင် ကြောက်ရတဲ့ ဦးသန်းရွှေ ခိုင်းစေလို့သာ ဗိုလ်ကျော်ဆန်း ဆင်ဆာဖြတ်ရဲပြီး ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့လည်း ဘာမှ အတွန့်မတက်ရဲတာ ဆိုတာ ကလေးတွေတောင် တွေးသိနိုင်ပါတယ်။

(၈) မိုးထိမိုးမိရွှေလုပ်သားတွေရဲ့ ချီတက်ဆန္ဒပြပွဲကို လုံထိန်တပ်သားအင်အား မြောက်မြားစွာနဲ့ ကိုင်တွယ်ဖြေရှင်းခြင်း

အလုပ်သမား၊ လယ်သမားဆန္ဒပြပွဲတွေ နေရာအနှံ့ဖြစ်ပွားနေတာကို လွှတ်ပေးထားပြီး မိုးထိမိုးမိရွှေလုပ်သားတွေ နေပြည်တော်အထိ ချီတက်ဆန္ဒပြတဲ့အခါမှာတော့ ရခိုင်မှာ ချထားတဲ့ လုံထိန်းအင်အားထက် အဆပေါင်းများစွာနဲ့ နှိမ်နင်းဖို့ ပြင်ဆင်ပြလိုက်တာကို ကြည့်ရင် ရခိုင်အရေးကို မိုးထိမိုးမိ ရွှေလုပ်သားအရေးလောက် အရေးမကြီးဘူးလို့ ရှဲဒိုးစစ်အစိုးရ (ကာလုံ) က တွက်ချက်တယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဟုတ်လည်း ဟုတ်ပါတယ်၊ ရခိုင်အရေးက သူတို့ရှဲဒိုးစစ်အစိုးရ စိတ်ကူးယဉ်သလို တပြည်လုံးအတိုင်းအတာနဲ့ ကုလား-ဗမာအဓိကရုဏ်းမျိုး ဖြစ်မလာခဲ့ဘဲ မိုးထိမိုးမိလုပ်သားတွေရဲ့ ဆန္ဒပြမှုက စောစောစီးစီး မထိန်းသိမ်းရင် သူတို့ရဲ့ကုလားထိုင်တွေကိုပါ လာလှုပ်တော့မှာကိုး။ တပြည်လုံးက လယ်သမား၊ အလုပ်သမားတွေ မိုးထိမိုးမိရွှေလုပ်သားတွေလို နေပြည်တော်ကို ချီတက်လာမှာကို သူတို့ ဖင်မတုန်ဘဲ ဘယ်နေပါ့မလဲ။ ဒါကြောင့် မိုးထိမိုးမိကိစ္စကို ရခိုင်ထက် အင်အားပြပြီး အပြတ်ရှင်းတာပေါ့ (ကာလုံတဲ့နော် … အာဏာထိ သေနတ်ကြည့် ဆိုတဲ့သဘော အစွယ်ထုတ်ပြလိုက်တာပေါ့)။

(၉) အတိုက်အခံတွေကို လှုပ်ရှားခွင့်ပြုပုံပြုနည်း

ကာလုံစစ်အုပ်စုက နိုင်ငံရေး၊ လူမှုရေး အားသန်တဲ့ အတိုက်အခံတွေကို ဒုက္ခသည်အကူအညီပေးရေး၊ လူမှုအကူအညီပေးရေးနဲ့ အခြားသော နိုင်ငံရေးမဆန်တဲ့ သာမန်အခမ်းအနားတွေမှာလောက်သာ အချိန်ကုန် ပျော်မွေ့စေချင်ပုံပေါ်တယ် (ပြည်သူတွေ လမ်းပေါ်ထွက်အောင် လုပ်ရင် နောက်ပြန်လှည့်လိုက်မှာနော်လို့လည်း ခြိမ်းခြောက်တတ်သေး၊ အဲလို ခြိမ်းခြောက်တာကို ကြောက်သူကလည်း ကြောက်သေး)။ အဲဒါကြောင့်လည်း အကူအညီတွေ ပေးနေရတာကို အားသန်တဲ့၊ နိုင်ငံရေးကို သိပ်ပေါ်ပေါ်တင်တင်ကြီး ရှေ့တန်းတင် မလုပ်ဆောင်ရဲသေးတဲ့ အတိုက်အခံတွေအတွက် ကူညီရမယ့် အခွင့်အလမ်းတွေနဲ့ လက်မလည်အောင် ဈေးတွေကို မကြာမကြာ မီးရှို့ခိုင်း၊ အိမ်ရာတွေကို ကျူးကျော်အကြောင်းပြပြီး မကြာမကြာ နှင်ထုတ်ခိုင်း၊ ဒုက္ခသည်တွေ ပိုပိုများအောင် ရခိုင်လို အရေးအခင်းတွေ ဖန်တီးပေး၊ ကချင်မှာလို ပြည်တွင်းစစ်ကို မငြိမ်းအောင် အဆက်မပြတ် မီးမွှေးပေးနေတာများလားလို့ ထင်မိမြင်မိရင် မဟုတ်ဘူးလို့ ဘယ်သူ ယတိပြတ်ငြင်းနိုင်မလဲ။ ဒါမျိုးတွေက သူတို့စစ်အုပ်စု အုပ်ချုပ်ခဲ့ချိန်တလျှောက်လုံး အကြင်နာကင်းကင်း ရက်ရက်စက်စက် လုပ်နေကျ လုပ်ရပ်တွေကိုး။

(၁၀) ဒုတိယသမ္မတသစ် ရွေးချယ်ပုံရွေးချယ်နည်း

ဝါးတီးများလို့ အနားပေးလိုက်တယ်ဆိုပြီး သတင်းထွက်နေတဲ့ ဒု-သမ္မတ ဦးတင်အောင်မြင့်ဦးနေရာကို အစားထိုးဖို့လည်း အစပိုင်းမှာ ဦးရွှေမန်းလိုလို ဦးတင်အေးလိုလို ဦးဌေးဦးလိုလို ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းလိုလို … လိုလိုတွေ သတင်းမျိုးစုံထွက်ပေါ်ခဲ့ပေမယ့် အခုနောက်ဆုံးမှာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) ဆိုပြီး ဘွားကနဲ ထွက်ပေါ်လာတာကိုကြည့်ရင် ဦးသန်းရွှေရဲ့ လူယုံဖြစ်လို့ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ အဲသလို မထင်မှတ်တဲ့အကွက်ကို ရွှေ့ပြပုံကိုက ဦးသန်းရွှေရဲ့ လက်ရာအစစ်အမှန်ဖြစ်ပြီး ကြံ့ဖွံ့အစိုးရနောက်ကွယ်မှာ သူ အခုအထိ ရှိနေတုန်းဆိုတာ ဗေဒင်မေးစရာ မလိုအောင် သက်သေပြလိုက်တာပါ။

စာလည်း တော်တော် ရှည်သွားပါပြီ။ အခုလိုတွေ လျှောက်ရေးနေလို့ ကျနော်မျိုး ဒေါက်တာလွဏ်းဆွေကို အဆိုးမြင်ဝါဒီလို့များ စာဖတ်သူတွေ ထင်မှတ်ကြလေမလားပဲ။ တကယ်တော့ ကျနော်လည်း တိုင်းပြည်အပေါ် စေတနာထားပုံရပြီး ပင်ကိုယ်စိတ်သဘောထား ကောင်းပုံရတဲ့ ဥပဓိမျိုးရှိတဲ့ သမ္မတဦးသိန်းစိန်အပေါ် ဒေါ်အောင်ဆန်းစုကြည် အကြောင်းပြချက်မပေးဘဲ အထပ်ထပ်အခါခါ ပြောနေ ဆိုနေသလို “သမ္မတကြီးကို ယုံတယ် … သမ္မတကြီးကို ယုံတယ်” လို့ ရဲရဲကြီး ကျူးရင့်လိုက်ချင်သူပါ (ကျနော်က ဒေါ်အောင်ဆန်းစုကြည်ထက်တောင် ပိုတယ်လို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့် ကျူးရင့်မှုထဲမှာ “ဦးရွှေမန်းကိုလည်း ယုံတယ်၊ ဦးရွှေမန်းကိုလည်း ယုံတယ်” လို့ နောက်ဆက်တွဲ ပါနေလို့ပါ)။ သို့ပေသော်ငြားလည်း အထက်က အချက်အလက်တွေက ဘယ်လိုကနေဘယ်လို ကျနော့်ခေါင်းထဲကို ၀င်လာမှန်းမသိတဲ့အခါကျတော့ ကျနော်လည်း “ယုန်ကောင်ငုံ၍ ယုန်ရုပ်ရေးပြသော်လည်း ယုံရခက်ခက်” ဆိုသလို ဖြစ်နေတော့တယ် …။ ။

(ဆက်ပါဦးမယ်)

ဒေါက်တာလွဏ်းဆွေ

23 comments:

Dr. Yee Yee Htwe said...

Good thoughts in very details and significant.
Keep on waiting to read the continuation.
Congrats to Dr.Lwan Swe.

Unknown said...

ကိုလွဏ်းဆွေကြီးပြောတာတွေပာာ ကျွန်တော်တွေးထင်ထားတဲ့အတိုင်းပါပဲ အခုလို ပြည်သူတွေကိုမီးမောင်းထိုးပြတာ သိပ်ကောင်းပါတယ် အဓိက ကတော့ နောက်ကကြိုးဆွဲလိုရာကိုကခိုင်းနေတဲ့ ဒီငတိကြီးအမြန်လုံပါးပါးရင်ကောင်းမယ် နောက်ပြီး ကာလုံနဲ့တကွ လွှတ်တော်မှာရှိတဲ့ စစ်အရာရှိတွေ၊ ဝန်ကြီးဌာနအသီးသီးမှာရှိတဲ့ စစ်အရာရှိတွေ စစ်တန်းလျားပြန်ရင် ကောင်းမယ်ထင်တယ်၊ မမစု လဲ ဘာမှမတတ်နိုင်ပါကွယ်၊ သူမရဲ့နိုင်ငံရေးချဲ့ထွင်မှုပာာလဲ သိပ်မအောင်မြင်လှပါဘူး သေချာတာက သန်း ၆၀ သော ဗမာပြည်သား နောင် အနှစ် ၂၀ တိုးတက်ဖွယ်မမြင်ပါ

=== said...

အမူးသမား အမှန်တရား တစ်အားပြောတယ် ဆိုတာ ဒါမျိုးထင်ပါရဲ့ ဒေါက်တာရယ် :)

သိပ်လည်း မစိုးရိမ်ပါနဲ့ဗျာ
စကားလုံးတွေ ဖျော့ထားစရာ မလိုပါဘူး
အမြင်ကပ်မယ့်သူက အမြင်ကို ကပ်ပြီးသားပါ
တည့်တည့်ဘွင်းဘွင်းသာ ရေးချလိုက်


ခင်ဗျား အသိမှတ်မပြုတဲ့ ဘော်ဒါကြီး

===

Vai said...

သန်းရွှေကြီးသေရင်. ရွှေသန်းဆိုတဲ့  ဒေါ်သေနတ်သားလေး သိုင်းကွက်နင်းပြီး လာဦးမယ်. မထင်မှတ်တဲ့ ဖြစ်စဉ်နဲ့  အကုသိုလ် အုပ်စု ပြိုကွဲမယ့် နေ့.့သန်းရွှေရေ. အကုသိုလ်နမိတ်တွေ မင်းရဲ့  မရဏတခါး ဝ မှာ. မင်းကို အာဘွားပေးဖို့အ ဟတ်ဟတ်ဟတ်

Beuptodate said...

ပေါကြောင်ကြောင်နဲ့။ ဘာ logic မှလဲခိုင်ခိုင်မာမာမပါဘူး။
ခုချိန်ထိ ဒီလိုပေါကြောင်ကြေင် ရေးသူကလည်းရေးဖတ်သူတွေကလဲဖတ်ကြတုံးဘဲလား။

Unknown said...

ချိန်းဘရီး ဖြုတ်ဦးဏှောက် ဇတ်လမ်းကိုအတင်းဆွဲစိနေတယ်

Unknown said...

Brainless Bengali Lunswe

Poe Khant said...

Article is logical.
But what I am thinking is what are goods for them if they are going this way because they are still not getting people's trust and they also know it.
It look like they are killing their self. If they don't support USDP, then how can they win coming election and how can they still control Government power. Military ruling will be end sooner or later (if military not come back). In this situation, will they kill their representatives, USDP?

If your thinking is right, I think military will surely come back because this way of politic(shadow government) cannot go forward.

ကေါင်းကေါင်း said...

ဆက်မရေးပါနဲ့တော့ဒေါက်ပြုတ်လွဏ်းစွေရေ. အရက်မူးလည်းအေးအေးအိပ်ပါ. လက်ယားနေရင်ကိုယ့်ဟာကိုယ်ကိုင်ထားပါ.

St.blabla said...

Bull shit thinking. You are behind from people, who are living in country.

myintayemg@biogspot.com said...

မောင်လွမ်းဆွေ--

ကျေးဇူးတင်ပါတယ်-ဒါပေမဲ.သတိထားပါ
နိုင်ငံရေး-လှေကြုံစီး-လှည်းကြုံစီး-တွေကဝေဘန်ခံရအုံး
မည်-ဒေါ်အောင်ဆန်းစုကြည်ကအင်္ဂလန်မှာပြောထားတယ်
(သမတကြီးဦးသိန်းစိန်ကိုဝန်းရံ)ရမည်တဲ.--ဒီတော.သတိထားပါကိုက်တယ်။

iban said...

ဒေါက်တာလွဏ်းဆွေ..
ဒီဆောင်းပါးအတွက် ကျေးဇူးဗျာ။ ခင်ဗျားထောက်ပြထားတာတွေ မမှန်ဘူး၊ မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ အသေအချာကိုင်တွယ် မငြင်းဆိုနိုင်ပါဘူး။ ဖြစ်နိုင်ခြေ အလားအလာ အများကြီးရှိနေတဲ့ ကိစ္စရပ်တွေပါ။ ခင်ဗျားတွေခေါ်သလို မဖြစ်ပါစေနဲ့လို့ပဲ မျက်စိနဲ့နားနှစ်ဖက်ပိတ်ပြီး အတင်းဇွတ်ကြီး ငြင်းဆိုနေချင်မိတော့တယ်။

Tomahawk said...

Dr.Lun Swe,
many thanks for thoughtful and truthful writing,brilliant.
ဒီဆောင်းပါးကိုအဆိုးမြင်ဝေဖန်သူအားလုးံ၊ထမင်းမစားပဲချီးစားပြီးကြေးစည်မတီးပဲအူကြဖို့ကောင်းတယ်။
အမှန်တရားကိုအမှန်တကယ်မြတ်နိုးသူတိုင်းကြောက်ရွံ့ခြင်းကင်းဝေးစွာမြင်နိုင်ကြပါစေ။

Yoma said...

I fully agree with you. Though the President is asking to come to Myanmar, we Myanmar American professionals who are earning a fat salary and enjoying a true democratic freedom will never come back. Thos who went back are the people who cannot survive in foreign countries. Your article strengthen our mistrust of the current system. Than Shwe does not have his own idea, but he copied Indonesia dictator Suharto's style Parliament that include 25% unelected MP from the military, and the crony economy system of the Philippines dictator Marcos. When you mix these two bad elements together, the result is the extreme poverty for the mass. When will Myanmar prosper from this kind of administration style ? This unfair constitution must be amended soon to alleviate the poverty of the people. Please keep up the good work and enlighten us.

Unknown said...

ဟဟ ကိုသိန်းဂိန်ကြီးကတော့ အန်ကောဝတ်မြို့တော် ကို အမှီသွားပြီး ဒေါ်ဟယ်လာရီကို ရှစ်ခိုးမတတ်(လူယုတ်မာခင်ညွှန့်စတိုင်) ဗမာပြည်မှာ(ဟာလာဟင်းလင်းပြောင်လုလုဖြစ်နေပြီဖြစ်တဲ့၊မောင်တေဇနဲ့တကွ အပေါင်းပါဗိုလ်ချုပ်များ စိတ်ရှိလက်ရှိ အနှစ် ၂၀ လုံးလုံး အောက်ဈေးနဲ့ရောင်းစားခဲ့လို့ ဘာမှမကျန်တော့တဲ့) သယံဇာတ အရင်းအမြစ်တွေကို ရသလောက်ဈေးနှင့်ရောင်းပါမည့်အကြောင်း အသနားခံနေတဲ့သတင်းကို CNN တွေ့လိုက်ရပါတယ်

Anonymous said...

DR.LUN SWE! PLEASE PREDICT UPCOMING DIRTY GAMES AIMING 2015 ELECTION.
CONSPIRACY THEORY IS STILL THEIR POWERFUL WEAPON. MYANMAR POLITIC OPERA IS THE SAME AS FAMOUS MTV SERIES "PRISON BREAK". PLEASE BE MASTERMIND AS "MICHEAL SCOFIELD".

Lu said...

Thank you Dr Lun Swe.
I’d like to agree with you nine out of ten.
I wish President U Thein Sein reads your article as a constructive criticism.

Unknown said...

ကောင်းကောင်း ..ရေ လွဏ်းဆွေကိုအပြစ်မတင်နဲအုံ မင်းရဲ့စာကိုတောင်စာလုံးပေါင်းမှန်အောင်ရေး မင်းအားနေရင်မင်းပစ္စည်းထိပ်ဖြတ်လိုက်ပါလား........

Unknown said...

ဒီဆောင်းပါးကိုဖတ်ပြီးတစ်ယောက်နဲ့တစ်ယောက်အပုတ်မချကြပါနဲ့ ဦးနှောက်ရှိတဲ့လူတွေဆို သိကြတယ်. .သူတကာတွေကိုချီးစားခိုင်းတဲသူဟာသူကိုယ်တိုင်စားဖူလို့ပဲနေမှာပါ ...mitziko ..mitzimapadipadar ....

santun said...

ကိုလွဏ်းဆွေရေ လူတွေကစဉ်းစားကြဖို့ကောင်းတယ်
လက်ရှိဦးသိန်းစိန်အစိုးရမှာ နိုင်ငံတော်အာဏာသုံးရပ်စလုံး စစ်ဝတ်စုံချွတ်ထားတဲ့ အရင်စစ်အစိုးရလူဟောင်းတွေ အားလုံးလက်ထဲမှာပဲရှိတယ်။ ဒီမိုကရေစီလှုပ်ရှားမှု့တွေကို သက်တမ်းတလျောက်လုံး ဖိနှိပ်
ခဲ့တာလဲ ဒီလူတွေပဲ။ အခု နေ့ချင်းညချင်း ခေတ်ပြောင်းချင်ယောင်ဆောင်ပြီး ဒီမိုကရေစီကိုယုံကြည်တော့လဲ ဒီလူတွေပဲ။ အခုလဲလွှတ်တော်ကိုအသုံးချပြီး ဒေါ်စု ကို အမေရိကန်ပိတ်ဆို့မှု့ သက်တမ်းထပ်မတိုးအောင် လုပ်ပေးရမယ်လို့ ခေါင်းခံ ခိုင်းမယ်။ တကယ်တော့ လောကကြီးဟာတရားမျှတပါတယ် ဒီမိုကရေစီစစ်စစ်လိုချင်ရင် တန်ဘိုးကြီးကြီးပေးရမယ်။ တန်ရာတန်ဘိုးမပေးချင်ရင် စစ်အစိုးရပေးတဲ့ - စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ- ဆိုတဲ့ သူတို့ပေးသလောက်ပဲရမယ်။

Unknown said...

ဦးသိန်းစိန်ဟာယုံချင်စရာမရှိဘူး

နိုင်ငံအပေါ်အမှန်တကယ်ပြောင်းလဲ
မယ်ဆိုရင် ပြည်သူတွေချစ်တဲ့လွတ်
လပ်ရေးဖခင်ဖြစ်သူဗိုလ်ချုပ်အောင်ဆန်းတို့ကျဆုံးတဲ့အာဇာနည်အခမ်းအနားကိုသူကိုတိုင်ဦးဆောင်ပြီးမကျင်းပတာဟာသံသယဖြစ်စရာပါ ဘာလိုငတာ့ သူလဲစစ်တပ်ကတာပဲ ယခင်
စစ်အစိုးရခေါင်းဆောင်တွေကအာဇာနည်နေ့ကိုအသိအမှတ်မပြုကြဘူးလေ
အမှန်တကယ်ဆိုရင်စစ်တပ်အခေါ်အဝေါ်အရ ဗိုလ် ကြီိး မှူး အဘ တွေရဲ့
အဖေ သူတို့ အဘိုးတွေကျဆုံးတဲ့
နေ့တောင်ကိုယ်တိုင်ဂါတဝမပြုကြဘူး
ဒါ့ကြောင့် အဖေမရှိတဲ့နိုင်ငံမို့ ငွေစက္ကူ
ပေါ်မှာ ဆင်တို့ ခြသေ့င်္တို့ထည့်ရိုက်နှိပ်
ထားတာကိုကြည့်ရင် သူ့ကိုသူ
အဘကြီးဘွဲ့ခံယူထားတဲ့တပ်ချုပ်ကြီး
အဖေဟာ ဆင်နဲ့ခြင်္သေ့ နေမှာ။

PAW PAW said...

ပြည်သူတွေ ကလည်း ဒီလိုပဲ တွက်ထားကြပါတယ် ဘဏ်တွေပဲ ကြည်.ပါလား အ၇င် အာ၇ှဓန ဘဏ် မေဖလားဝါးတွေ နှိပ်ကွပ်ပြီး ထွက်လာတဲ. ဘဏ် ၄ ဘဏ်က ဒီ ကာ လုံ တွေ၇ဲ.ဘဏ်တွေပါပဲ... ဒါတွေ၇ပ်တည်မ၇အောင် ပြည်သူတွေက အဲဒီဘဏ်တွေနဲ. အလုပ် မလုပ်ကြဖို.ေ၇းပါအုံး

ipman said...

ဘာဘဲဖြစ်ဖြစ်သူရေးတဲ့ဆောင်းပါးတိုင်းကိုလက်မခံပေမဲ့ဒီ နေ့မြန်မာနိုင်ငံရေးအခြေအနေဖြစ်စဉ်တွေကသူတွေးသလို တွေးလို့၊ထင်လို့၊ယူဆလို့ရနေပါတယ်။သူစိတ်သွားတိုင်း ကိုယ်မပါဘူးဆိုတာသိသာနေပါတယ်။ခုမကြာခင်ပြုပြင် ပြောင်းလဲရေးလုပ်မယ်ဆိုပါတယ်။ဝန်ကြီးဌာနတွေပေါင်းပြီး လျော့ပ်ါလိမ့်မယ်။၂၀-၂၂ လောက်ဘဲထားမယ်လို့ကြားနေရ ပါတယ်။ဒါလဲမဆန်းပါဘူး၊အစကထဲရွေးကောက်ပွဲအကြိုကာ လမှာအစိုးရသစ်တက်ရင်ဒီလောက်ဘဲထားဘို့အစီအစဉ်ရှိပြီး သားပါ။ဒါပေမဲ့နောင်အရေးပေါ်လာရင်ခုလိုလုပ်ပြနိုင်ဘို့အ တွက်ဝန်ကြီးဌာနတွေထပ်တောင်ချဲ့ခဲ့ပါသေးတယ်။ဒေါက် တာမြတ် ဥာနစိုးလွှတ်တော်မှာ ၂၅ ခုသာထားဘို့တင်ပြတုံးကပယ်ချခဲ့ပါတယ်။တ ကယ်တော့တစ်ချို့ဝန်ကြီးဌာနတွေပေါင်းသင့်တာအမှန်ပါဘဲ၊အလယ်တန်းကျောင်းသာတောင်သိပါတယ်။ခုမှဘဲဝှက်ဖဲကိုထုတ်ပြပြီး ပြုပြင်ပြောင်းလဲရေးလုပ်သလိုလုပ်ပြမှာပါ။ခုထိလဲအရပ်ဘက်ဌာနတွေ ကိုစစ်တပ်မှာသုံးမရတဲ့အရာရှိတွေဆက်ပို့နေဆဲပါဘဲ၊ဌာနတွင်းရာထူး တက်ဘို့တွေကမပြောင်းလဲသေးပါဘူး။ဌာနတွင်းလုပ်ဆောင်မှုတွေကလဲ မပြောင်းလဲသေးပါဘူး။ဒီဖွတ်စိမ်းဆိုသူတွေကဌာနတွင်း EC လုပ်ရင်လူညီရင်"ဤ" ကိုကျွဲဖတ်လို့ရတယ်လို့ကျွေးကြော်ပြီး၈,၉တန်းရှိဗိုလ်ကြီးတွေကိုလက်ညွှန်ရာထူးတွေတိုးပေးပြီးပိုနေ မြဲကျားနေမြဲဆက်လုပ်နေကြပါတယ်။ဒါကိုရော သမ္မတကြီးဘာလုပ်မလဲဆိုတာ စောင့်ကြည့်နေပါတယ်။မယုံစရာတွေပါဘဲ။