Thursday, July 26, 2012

ဖွတ်ထွက်မှ တောင်ပို့မှန်းသိ

ဖွတ်ထွက်မှ တောင်ပို့မှန်းသိ
စိန်သံလုံး

ဖွတ်ဆိုတာ ဘယ်သူ့ကို ရည်ညွန်းတယ်ဆိုတာ သိကြပါတယ်နော်။ ဖွတ်က ထွက်ပြတော့လည်း တောင်ပို့မှန်း သိတာပေါ့။ အောင်သိန်းလင်းဆိုတဲ့ မြို့တော်ဝန်ဟောင်း ဖွတ်ကြီးက လူရှေ့သူရှေ့မှာ အရှက်မရှိ ထွက်ပြတော့လည်း သူတို့ရဲ့ ဇာတိရုပ်တွေ ပေါ်လာတာပေါ့။ စိတ်မနှံ့တဲ့ ရူးကြောင်ကြောင်က ပြည်သူတွေကို ၀ါးလုံးရှည်နဲ့ ရမ်းတဲ့ စကားပြောခဲ့တယ်။ NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရသွားတာဟာ ပြည်သူတွေက ရူးနေလို့ပေါ့တဲ့။ မဲပေးကြတဲ့ ပြည်သူအများစုကို ရူးနေတယ်လို့ ပြောတာ အများနဲ့ တယောက် ဘယ်သူမှန်လဲဆိုတာ ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ ပုဇွန်ဦးနှောက်နဲ့ အောင်သိန်းလင်း မသိရှာဘူး။ သနားစရာကောင်းတဲ့ သတ္တ၀ါအဖြစ် ပြတိုက်မှာ ပြဖို့တော့ လိုနေပြီနော်။ မြန်မြန်စီစဉ်မှ ဖြစ်မယ်။

အဲဒီအောင်သိန်းလင်း SOUTERN WEEKLY တရုတ် အပတ်စဉ်စာစောင်နဲ့ အင်တာဗျူးမှာ အဲဒီလို ပြည်သူတွေကို စော်ကားတဲ့ စကားလုံးတွေနဲ့ အရှက်မရှိ ပြောခဲ့တာလေ။ အဲဒီအရူးကြီး အောင်သိန်းလင်းက ပြည်သူတွေရဲ့မေတ္တာ၊ ပြည်သူတွေရဲ့ ထောက်ခံမှုမရတော့ မစားရတဲ့ အမဲ သဲနဲ့ ပက်ဖို့ ကြံနေပြီ။ ဒီရွေးကောက်ပွဲမှာ ကျုပ်တို့ ရလိုက်တဲ့ သင်ခန်းစာက နောက်ရွေးကောက်ပွဲတွေမှာ လူကြိုက်များတဲ့ ပေါ်ပြူလာဖြစ်မယ့် မဲဆွယ်စည်းရုံးနည်းတွေကို များများလုပ်ဖို့ပဲလို့ ပြောခဲ့သေးတယ်။

ပြည်သူတွေနဲ့ မဲဆန္ဒရှင်တွေ ကြိုက်အောင်လုပ်ဖို့က မခက်ပါဘူး။ ဒီမိုကရေစီစနစ် အစစ်ကို ဖော်ဆောင်ပေးနိုင်ရင် လူကြိုက်များမှာပဲ။ ပြည်သူတွေအတွက် လမ်းခင်းပေးတာ၊ တံတားဆောက်ပေးတာတွေကို ရွေးကောက်ပွဲနီးမှ လုပ်ပြတဲ့ ဟန်ပြလုပ်ရပ်မျိုးတွေ ရပ်တန်းက ရပ်ကြပေါ့။ လွှတ်တော်မှာလည်း ဒီမိုကရေစီနည်းလမ်းအတိုင်း မျှမျှတတဖြစ်အောင် လူမိုက်ဆန်တဲ့ လူများစုနဲ့ အနိုင်ကျင့်မှု မရှိအောင် လုပ်ပြကြပေါ့။ အမတ်တဦး ပြောသလို ဟန်ပြလွှတ်တော်မျိုးလည်း မဖြစ်အောင် ကာကွယ်ကြပေါ့။

မဲလိမ်မဲခိုး အနိုင်ကျင့်မှုတွေနဲ့ အနိုင်ရလာတဲ့ ပါတီလို့ အပြောမခံချင်ရင် မှန်မှန်ကန်ကန်ပြော မှန်မှန်ကန်ကန်လုပ်၊ ရိုးရိုးသားသား ဆက်ဆံမှပေါ့။ ခုတော့ ဟိုလူကို ပုတ်ခတ် ဒီလူကို အပြစ်တင်နဲ့ အားမရသေးဘူး၊ ပြည်သူကို စော်ကားတဲ့စကား အရူးတွေလို့ ပြောတဲ့ စကားကတော့ တော်တော်လေး လွန်လာပြီ၊ ဘယ်အဖေ အားကိုးနဲ့ မိုက်ပြနေတာလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်တယ်။ သူ့ရဲ့စော်ကားမှုဟာ သူကိုယ်စားပြုတဲ့ ပါတီမှာလည်း တာဝန်ရှိတယ်။ ဘာမှမပြောဘဲ ဘယ်လိုမှ မဆုံးမရင်တော့ သူတို့လည်း ကြံရာပါတွေပဲပေါ့။

နောက်ပြီး ၀ဲထူအရူးကြီးက ပြောသေးတယ် (၀ဲထူဆိုတာ လက်နှစ်ဘက်က စွဲနေတဲ့ ၀ဲတွေကို ပြောတာ၊ အောင်သိန်းလင်းရဲ့မိန်းမ ဆရာဝန်မလည်း ကုမပေးနိုင်တော့တဲ့ နှစ်ရှည်ဝဲတွေ ထူနေလို့ ၀ဲထူလို့ ခေါ်တာ) အဲဒီဝဲထူကြီးက အနောက်အုပ်စုက မြန်မာပြည်ကို ပိတ်ဆို့ထားတာ၊ UN ကို မယုံတာ၊ ဘန်ကီမွန်းကို မယုံတာတွေကို တရုတ်အကြိုက် လိုက်ပြောတယ်။ သူတို့ ကိုးကွယ်တဲ့ တရုတ် အထိနာတာကို သူ့သမီးပေးပြီး ချော့တာတောင် မရတော့ဘူးဆိုတာ သူသိလို့ ပြောတာ။ ဟီလာရီကို အ၀င်ခံတာကလည်း ကျုပ်တို့ အရေးနိမ့်မှုတရပ်ပဲလို့ ပြောလိုက်သေးတယ်။ သူ့အဆင့်နဲ့ ဒီလောက်အထိ ပြောစရာမရှိဘူးဆိုတာ သူသိပုံမရဘူး။ သမ္မတက ကောင်းဖို့လုပ်တာကို သူက မကျေနပ်ဘူးဆိုပဲ။

မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်တာ ဦးသိန်းစိန်တယောက်တည်းရဲ့ ဆုံးဖြတ်ချက်တဲ့။ ပြည်သူအများက လိုလားလို့ ပြည်သူ့ဆန္ဒကို လိုက်လျောခဲ့တဲ့ သမ္မတကိုတောင် စော်ကားရဲတဲ့ သာမန်အမတ်တဦး (ကြံ့ဖွတ် ရန်ကုန်တိုင်းတာဝန်ခံ)  မူမမှန်ဘူးဆိုတာ သူပြောစကားတွေက သက်သေခံနေတယ်။ သူက ပြောပြန်တယ်။ ကျုပ်တို့က တရုတ်နဲ့ မြန်မာကြားမှာ နားလည်မှု လွဲမှားသွားမှာကို စိုးရိမ်တယ်တဲ့။ ဘယ့်နှယ်ဗျာ ဒီလောက် အရေးပါတဲ့ စီမံကိန်းကို ရပ်ပစ်ရတယ်လို့၊ ဒီစီမံကိန်းဟာ တိုင်းပြည်ရဲ့ လျှပ်စစ်စွမ်းအား မလုံလောက်မှုကို အများကြီး အကျိုးပြုမယ့် စီမံကိန်းဗျ။ ဒီစီမံကိန်းကို ပြန်စရမယ်ဗျာတဲ့၊ ပြောလည်း ပြောရက်တယ်၊ ပြောလည်း ပြောထွက်တယ်။ ပြောမှာပေါ့ မြန်မာပြည်ကို တရုတ်မျိုခွင့်ပေးခဲ့တဲ့ စစ်အစိုးရ လက်ကိုင်တုတ်ပဲ။ ခွာသေးသေး အဆင့်ပဲရှိတဲ့ ၀ဲထူကြီးလေ (တရုတ်အားကိုး အဆိုးမြင်ဝါဒီတွေဖြစ်တဲ့ သူနဲ့အပေါင်းပါတွေကို ညီညွတ်မှုနဲ့ မောင်းထုတ်ရမယ်)။

သူက အရှက်မရှိ ပြောသေးတယ် (လွှတ်တော်ထဲမှာ အတူတကွ ပေါင်းလုပ်မလား။ ဟား ဟား ပူးပေါင်းလုပ်ရမှာပေါ့၊ ကျုပ်တို့က ၇၆ ရာခိုင်နှုန်း၊ ဒင်းတို့က ၆ ရာခိုင်နှုန်း၊ ဟား ဟား ပူးပေါင်းပြီး လုပ်ရမှာပေါ့တဲ့ ... အဲဒီ ၇၆ ရာခိုင်နှုန်းဟာ မှန်မှန်ကန်ကန်နဲ့ ရတဲ့ဟာ မဟုတ်ဘူးဆိုတာ ဘယ်သူငြင်းမလဲ) လူအုပ်စု အားကိုးတဲ့ လူမိုက်စကား၊ နောက်ပြီး မဆင်မခြင် ရူးကြောင်ကြောင်စကား ပြောသေးတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒင်းတို့ ဘာလို့ အကြီးအကျယ် အနိုင်ရသွားသလဲဆိုတာ ပြည်သူတွေ ရူးနေလို့ပေါ့။ အဲဒီမိန်းမက ပေါ်ပြူလာဖြစ်နေတယ်လေ။ ဒါကလည်း နိုင်ငံသူရဲကောင်းကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဖြစ်နေလို့ တဲ့ (ကြံ့ဖွတ်နယ်မြေ နေပြည်တော်နဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ မရှုမလှ အပြတ်အသတ် မဲရှုံးခဲ့တာ ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်။ အထူးသဖြင့် ရန်ကုန်တိုင်း တာဝန်ခံကြီး ကြွက်သတ်ဆေးသောက်သင့်တာပေါ့။ အဲဒါက အမှန်တရားပဲ။ ၂၀၁၀ တုန်းကလို စစ်အစိုးရ အရှိန်အ၀ါနဲ့ ဖိအားပေးလို့ မရတော့ဘူး)။

ရန်ကုန်မြို့တော်ဝန်ဘ၀မှာ ဘာမှ ဖွံ့ဖြိုးအောင် တိုးတက်အောင် မလုပ်ခဲ့ဘဲ သူ စက်မှု (၂) ဒု-၀န်ကြီး ဘ၀က သူ့အိမ်ရှေ့လမ်း မပြင်ပေးတဲ့၊ မီးတိုင်မစိုက်ပေးတဲ့ စည်ပင်ဝန်ထမ်းတွေကို မြို့တော်ဝန် ဖြစ်ဖြစ်ချင်း အငြှိုးနဲ့ ဖြုတ်ပစ်ခဲ့တဲ့ မိုက်ရိုင်းမှုတခုနဲ့ လမ်းတွေကို အကုန်မခင်းဘဲ လမ်းအရှည်စာရင်းဝင်အောင် လုပ်ခဲ့တဲ့ လမ်းတခြမ်းခင်း အောင်သိန်းလင်းလို့ ဘွဲ့ရခဲ့သူ၊ ကြံ့ဖွတ်အဖွဲ့နဲ့ စွမ်းအားရှင် လူမိုက်အဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ အောင်သိန်းလင်းက မြစ်ဆုံစီမံကိန်းကို ပြန်စမယ်တဲ့။ အရူးစကား ဆိုပေမယ့် ပြည်သူတွေ သတိထား စောင့်ကြည့် တားဆီး ကာကွယ်ရမယ်။ မြစ်ဆုံစီမံကိန်းအတွက် သူနဲ့အပေါင်းပါတွေကို ပါကင်ထုပ်ပြီး တရုတ်ပြည်ကို အရူးချဉ်ဖတ်အဖြစ် ပို့လိုက်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ဖွတ်ကြီးထွက်ပြမှ တောင်ပို့မှန်း သိရတော့တယ်။

စိန်သံလုံး

4 comments:

Vai said...

အောင်သိန်းလင်းလေးက ရုပ်ရည်ယုတ်ညံ့ သ လို ညဏ်ရည်ကလည်းနိမ့်  သနားစရာလေး

မြေသန့်တောင် said...

ထွက် ထွက်မထွက် ဖွတ်တွေဝင် အောင်းနေမှန်းသိပါတယ်

Unknown said...

ပြည်ခိုင်ဖြိုးပါတီကိုစားလှယ်ဖြစ်တဲ့
အောင်သိန်းလင်း ခင်ရွှေ ကျော်ဆန်း
ဒီသုံးဦးပါးစပ်ကထွက်တဲ့စကားတွေက လမ်းဘေးမှာတောင်းစားနေတဲ့
ကလေးတွေရဲ့ စကားလောက်တောင်
နားဝင်မချိုလိုက်တာ ဆန်ကုန်မြေလေး
တိုင်းပြည်အပေါ်ကေင်းကျိုးမပေးတဲ့
လူ့ပေါက်ပန်းတွေပါ

Unknown said...

အောင်သိန်းလင်းကိုပြုတ်ကျအောင်
ဆန္ဒဖော်ထုက်ကြဟေ့